Covid-19  ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံ များကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ နိုဝင်ဘာ - ၇

   

Covid-19  ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံ တောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

   

ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ခရမ်းချဉ်သီး ၃၀၀၀ ပိဿာကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့်  ထပ်မံဝယ်ယူ ပေးခဲ့ကြောင်း သိရှိရသည်။

   

ထိုသို့ဝယ်ယူပေးလျက်ရှိရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပင်လောင်းမြို့နယ် ဒေသထွက် ရာသီသီးနှံဖြစ်သည့်  ဂေါ်ဖီထုပ် ၂၀၀၀ ထုပ်နှင့် အာလူး ၃၀၀၀ ပိဿာတို့ကို တောင်သူများထံမှ တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးဖြင့် မှာယူဝယ်ယူခဲ့ပြီး ယနေ့တွင် မန္တလေးမြို့ရှိ အောင်သာယာဈေး၌ သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။