ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင်  - ၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေ၊ စာရေးကိရိယာနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား၊ သမီး များအတွက် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ငွေများကို လည်းကောင်း၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

၎င်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေး တပ်ရင်းမှ ဆေးကုသရေး အဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။