ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၇

          ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ စစ်တုရင်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ် များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း၊ ကစားသမား ၅၀ ဦးတို့ဖြင့် ဇူလိုင် ၁၄ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။