၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင်- ၈

    တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

     အလားတူ တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီး၌လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။