မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းအဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက် မည့်နေရာအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းအဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက် မည့်နေရာအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် -

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းတစ်လျှောက် ကမ်းထိန်းနံရံ တည်ဆောက်ခြင်း၊ မြေရာရှုခင်းနားနေခုံများ၊ ပန်းပင်နှင့် မြက်ခင်းပြုပြင်ခြင်း၊ အလှမီးတိုင်းများ ထွန်းညှိခြင်း စသည့် ကမ်းနားလမ်းအဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက် မည့်နေရာအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

     ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါကမ်းနားလမ်းရှိ ရာမညသဲသောင်ပြင် အပန်းဖြေနေရာများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေအနားယူလျက်ရှိသည့် အခြေ အနေများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။