မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့အထိမြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေး အတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်း

မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့အထိမြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေး အတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်း

နေပြည်တော်၊ ဇူလိုင် - ၈

    ဒေသခံပြည်သူများ ကုန်စည်ပို့ဆောင်မှုနှင့် သွားလာမှုများအဆင်ပြေချောမွေ့စေရေး အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်နေ့ထိ ပထမအကြိမ်ဆောင်ရွက်ပေးပြီး ယနေ့တွင် ဒုတိယအကြိမ် မြစ်ကြီးနားမြို့၊ နန်းကွေ့ဘူတာရုံမှ မြစ်ကြီးနားဘူတာကြီးသို့ သွားရောက်သည့် ရထားသံလမ်း ဝဲ/ယာရှိ ချုံနွယ်ပေါင်းမြက်များအား  မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက  စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

    အဆိုပါ ရထားသံလမ်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မန္တလေးမြို့၊ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ယခင်ပြေးဆွဲလျက်ရှိသည်။ ထို့ကြောင့် ရထားပြေးဆွဲမှု မရှိသည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့သဖြင့် ရထားသံလမ်းများတွင် ချုံနွယ် ပေါင်းမြက်များနှင့် သံလမ်းပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီး ပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။