ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်အတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်အတွင်း၌ ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်စန်မြို့၊ ဝမ်ပိန်းကျေးရွာအုပ်စုရှိ ပန်လင်းဆိုင် ကျေးရွာ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက စိုက်ပျိုးမည့်အပင်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်း သားများအား အသီးသီးပေးအပ်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ သစ်ပင်ပျိုးပင်များကို စုပေါင်းစိုက်ပျိုးကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားများစုပေါင်း၍ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။