ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက် ၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၈

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့၌ ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းရှိ စာပေသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

            အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးတို့အား စာပေနှင့် လက်တွေ့ဘာသာရပ်များ သင်ကြားပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။