ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နှင့် အမ်းတပ်နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် ကျန်းမာရေးဆေးစစ်ကုသ ပေးခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့တွင် နမ့်စန်မြို့နှင့် လွိုင်လင်မြို့နယ်တို့ရှိ နယ်မြေခံတပ်ရင်းခန်းမ များ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်နှင့် စားသောက်ဖွယ်ရာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ် သူများကို နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းတောင် ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၈၆ ဦးအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး တက်ရောက် လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို နယ်မြေခံဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောအရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ECG နှင့် ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ပေးပြီး ဒုတိယတိုင်းမှူးမှ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ ကြောင်း သတင်းရရှိသည်။