စပိန် မော်ရိုကို ယူကရိန်းနှင့် ပေါ်တူဂီနိုင်ငံတို့က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် သဘောတူညီမှုရရှိ
ဥရောပထိပ်တန်းနိုင်ငံများဖြစ်သည့် စပိန်၊ ယူကရိန်း၊ ပေါ်တူဂီနိုင်ငံတို့နှင့်အတူ အာဖရိကနိုင်ငံဖြစ်သည့် မော်ရိုကိုနိုင်ငံတို့က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ပထမ ဆုံးပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြိုင်ပွဲ မှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းပြိုင်ပွဲများတွင် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသည့်ပြိုင်ပွဲမရှိဘဲ သီးသန့်တစ်နိုင်ငံတည်း သာကျင်းပသော်လည်း ယခုအခါ ဒုတိယအကြိမ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို နှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။
လက်ရှိတွင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံအား မရွေးချယ်ရသေးဘဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆော်ဒီနိုင်ငံအပြင် အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံတို့က လေးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားကြပြီး ယခုအခါတွင်လည်း စပိန်၊ ပေါ်တူဂီ၊ ယူကရိန်းနှင့် မော်ရိုကို နိုင်ငံတို့က လေးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထား ရန် သဘောတူညီမှုရရှိခဲ့သည့်အတွက် မကြာမီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
Ref;Onefootball