ရီယိုဒီဂျနေးရိုးအာဏာပိုင်များက ဗင်နီစီးယက်စ်ကို ဂုဏ်ပြုသောအားဖြင့် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း

ရီယိုဒီဂျနေးရိုးအာဏာပိုင်များက ဗင်နီစီးယက်စ်ကို ဂုဏ်ပြုသောအားဖြင့် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးအာဏာပိုင်များက ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားနေသည့် ၎င်းတို့ နိုင်ငံသား ဗင်နီစီးယက်စ်ကို  အားပေးဂုဏ်ပြုသည့်အနေဖြင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ စပိန်လာလီဂါပွဲစဉ် (၃၅)အဖြစ် ကစားသည့်   ဗလင်စီယာအသင်းက ရီးယဲလ်မက်ဒရစ် အသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိသည့် ပွဲစဉ်တွင်  ဗလင်စီယာအသင်းပရိသတ်များ က ဗင်နီစီးယက်စ်ကို လူမျိုးရေးခွဲခြားသည့်စကားလုံးများဖြင့်  အော်ဟစ်လှောင်ပြောင်ခဲ့ပြီး  ဗလင်စီယာ အသင်းပရိသတ်များနှင့်  ဗင်နီစီးယက်စ်တို့  အချင်းများမှု ဖြစ်ပွားခဲ့သည်။

ဗင်နီစီးယက်စ်က ဗလင်စီယာအသင်းပရိသတ်များ၏  လူမျိုးရေးခွဲခြားမှုခံခဲ့ရသည့်အတွက်   ပွဲစဉ်ကို ဆက်လက်မကစားတော့ဘဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့ရာ  ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ  အန်ဆယ် လော့တီ၏ဖျောင်းဖျမှုနှင့်အတူ  ပြန်လည်ကစားခဲ့ သော်လည်း  ပွဲချိန်တစ်လျှောက်လုံး  ဗလင်စီယာ အသင်းပရိသတ်များက လူမျိုးရေးခွဲခြားသည့် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါပွဲစဉ်အပြီးတွင်  ကစားသမားများအပြင် ကလပ်အသင်းအများစုကလည်း   လူမျိုးရေးခွဲခြား ခံခဲ့ရသည့် ဗင်နီစီးယက်စ်ဘက်မှ ရပ်တည်အားပေးမှုများ ပြုလုပ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ဗလင် စီယာအသင်းနှင့် ပွဲစဉ်ပြီးနောက်  ပွဲစဉ် (၃၆) အဖြစ် ကစားသည့် ဗယ်လ်ကာနိုအသင်းနှင့် ပွဲစဉ်တွင်  ဗင်နီ စီးယက်စ်ကို အားပေးထောက်ခံသည့် စာတန်းပါဂျာစီများကို ဝတ်ဆင်ခဲ့ကြသည်။

ဗင်နီစီးယက်စ်က  အခုလို   ရီယိုဒီဂျနေးရိုး အာဏာပိုင်တွေရဲ့     ဂုဏ်ပြုမှုတစ်ရပ်ကို ရရှိခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော့်မိသားစုလည်း ကျွန်တော့်လိုပဲ  ဂုဏ်ယူနေမှာပါ။  အခုလိုအသက်အရွယ်မှာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းဂုဏ်ပြုခံရမယ်လို့ မထင်ထားပါဘူးဟု ပြောသည်။

Ref;Onefootball