ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာပိုက်ကျော်ခြင်း အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာပိုက်ကျော်ခြင်း အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

    ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်   လက်ခံကျင်းပမည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်   မြန်မာပိုက်ကျော်ခြင်း အသင်းသည် ဇူလိုင် ၈ ရက်က  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်း နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၉ ရက်မှစတင်ပြီး ၁၆ ရက်အထိ ထိုင်းနိုင်ငံ   ကိုရက်မြို့၌  ကျင်းပမည်ဖြစ်သည်။

အဆိုပါ ထိုင်းဘုရင့်ဖလားပိုက်ကျော် ခြင်းပြိုင်ပွဲတွင်  အမျိုးသား သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား၊   အမျိုးသမီးသုံးယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲ၊ အမျိုး သား၊   အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ Mix Reguပြိုင်ပွဲ၊ အမျိုးသမီးကွင်းသွင်းခြင်း ပြိုင်ပွဲ     စသည့်ပြိုင်ပွဲများ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့  လိုက်ပါသွားခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အသင်း အုပ်ချုပ်သူ အဖြစ်  ဦးဇော်လင်း၊  အသင်း နည်းပြများအဖြစ်    ဦးဌေးဝင်းအောင်၊ ဦးအောင်မျိုးသွင်နှင့် ဦးအောင်မျိုးဆွေတို့ ပါဝင်ခဲ့ကြသည်။

ထို့ပြင် ကစားသမားများ အဖြစ် အမျိုးသမီးအသင်းတွင်  ဖြူဖြူသင်း၊ ခင်နှင်းဝေ၊ ကြူကြူသင်း၊ နှင်းနှင်းဝေ၊  ခင်ပပလှိုင်၊ ယမုံဇင်၊ နိုင်နိုင်ဝင်း၊ နွယ်နွယ်ထွေး၊ ဆုတင် ဇာနိုင်၊ စိုးမူ၊ ဆုမွန်အောင်နှင့် ဆောင်းဦးဝေ၊  အမျိုးသားအသင်းတွင်   ဇင်ကိုကို၊ အောင်ခန့်သူ၊ သန့်ဇင်ထွန်း၊ မင်းသန့်သူ၊ ထွန်းဝဏ္ဏအောင်၊ ဝင်းကျော်၊   ဝင်းဇော် ဇော်ဦး၊ ရဲထက်၊ ဖေငြိမ်းချမ်း၊ သက်ပိုင်စိုးနှင့် ရှိန်းဝဏ္ဏဇော်တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။