လူငယ်တိုက်စစ် ကစားသမား ကောင်းမြတ်သူ လာအိုကလပ် Young Elephants FCနှင့်အတူ လာအိုလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာ

လူငယ်တိုက်စစ် ကစားသမား ကောင်းမြတ်သူ လာအိုကလပ် Young Elephants FCနှင့်အတူ လာအိုလိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာ

မြန်မာလူငယ်   တိုက်စစ်ကစားသမား ကောင်းမြတ်သူသည်   လာအိုထိပ်တန်း ကလပ်အသင်း တစ်သင်းဖြစ်သည့့် Young Elephants  FC နှင့်အတူ   လာအိုလိဂ် ချန်ပီယံဆုဖလား    ဆွတ်ခူးနိုင်ခဲ့သော    ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူသည်    ယခုဘောလုံး ရာသီတွင် လာအိုကလပ် Young  Ele-phants FC သို့ ကာလတို စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ လာအိုလိဂ်ပြိုင်ပွဲတွင်  ငါးပွဲကစားခွင့်ရရှိခဲ့ရာ      ကိုယ်တိုင်နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုနှစ်ကြိမ်    ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

ယခုဘောလုံးရာသီ အကုန်တွင် Young Elephants FC နှင့် ကောင်းမြတ်သူတို့ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး့ Yo-ung Elephants FC အနေဖြင့် လာအိုလိဂ်ချန်ပီယံဆုဖလား  ဆွတ်ခူးနိုင်ခဲ့သည့် အတွက်  ယခုဘောလုံးရာသီတွင်  AFC   Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် ကောင်းမြတ်သူကို သက်တမ်း တိုးစာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

လာအိုလိဂ်ချန်ပီယံဆုဖလား ရရှိခဲ့သည့် ပထမဆုံး မြန်မာကစားသမားမှာ အီစိုးဖြစ်ပြီး အီစိုးသည်လည်း့ Young Elephants FCနှင့်အတူ လာအိုလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကာ ကောင်းမြတ်သူက  ဒုတိယမြောက်  ဆွတ်ခူးနိုင်သည့်  ကစား သမား ဖြစ်ကြောင်း သိရသည်။