အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ (နဝမအကြိမ်) အိမ်ရာနှင့် တိုက်/ခန်းသော့များ လွှဲပြောင်းပေးအပ်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာတွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစု၀င်များအား နဝမအကြိမ် အိမ်ရာနေရာချထားပေးခြင်းနှင့် တိုက်/ခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်း ကို ယနေ့နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့၀င်များ နှင့်မိသားစု၀င်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာ၀န်ရှိသူများသည် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်ကြမည့် စစ်မှုထမ်း ဟောင်းအဖွဲ့၀င်များနှင့် မိသားစု၀င်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် အခန်းသော့များ လွှဲပြောင်းပေးအပ်သည်။
ထို့နောက်တိုင်းမှူးနှင့် တာ၀န်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် မိသားစု၀င်များအား ဆန်၊ဆီ၊ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်ကာ အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့၀င်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။