ဖျာပုံမြစ်ဝတွင် သောင်တင်နေသော ကုန်တင်ရေယာဉ် တစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေး ရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသည့် အမြန်သွား ကင်းလှည့်ရေယာဉ် မှ ကူညီဆောင်ရွက်ပေးခြင်း

ဖျာပုံမြစ်ဝတွင် သောင်တင်နေသော ကုန်တင်ရေယာဉ် တစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေး ရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသည့် အမြန်သွား ကင်းလှည့်ရေယာဉ် မှ ကူညီ ဆောင်ရွက်ပေးခြင်း

နေပြည်တော်၊ ၂၀၂၃  ဇူလိုင် (၁၀)ရက်

    တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင် ဧရိယာအတွင်း တာဝန် ထမ်းဆောင်နေသော အမြန်သွား ကင်းလှည့်ရေယာဉ်မှ  လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  ဇူလိုင် ၉ ရက်နေ့ ည ၁၁ နာရီခန့်အချိန်၌ ဖျာပုံမြစ်ဝတွင် ကုန်တင်ရေယာဉ် တစ်စီး သောင်တင်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ရာ  ဖျာပုံမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာသော  MV LASHIO  ကုန်တင် ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်းပြီး သောင်တင်လျက်ရှိနေသည်ကို တွေ့ရှိသဖြင့် ကုန်တင်ရေယာဉ်ပေါ်ရှိ ရေလုပ်သားများအား ကျန်းမာရေးနှင့် အခြားလိုအပ်သည့် အကူအညီပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

    ထိုသို့ကူညီဆောင်ရွက်ပေးရာတွင် ဖျာပုံမြစ်ဝဒီရေအမြင့်ဆုံး အချိန်ဖြစ်သည့် ဇူလိုင် ၁၀ ရက် နံနက် ၀၈၀၀ နာရီခန့်တွင် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ဖြင့် သောင်တင်နေသည့် MV LASHIO ကုန်တင်ရေယာဉ်အား သောင်မှ လွတ်မြောက်အောင် ကူညီတွဲဆွဲစေခဲ့ပါသည်။ ၎င်းနောက် အဆိုပါ ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်းလျက်ရှိသဖြင့် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်မှ Side Tow ဆွဲ၍ ဖျာပုံမြို့တွင် ပြန်လည် ပြုပြင်နိုင်ရေးတို့ကို အဆင်ပြေ အောင်မြင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။