အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲများပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲများပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၁၁

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြင်ဦးလွင်တပ်နယ် အသင်းနှင့် ကျောက်ဆည်တပ်နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးသည်။

အလားတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တက် ရောက်လာကြသူများက ဟိုပုံးတပ်နယ်(အမျိုးသား)အသင်းနှင့် ဗထူးတပ်နယ် (အမျိုးသား)၊ ကလောတပ်နယ်(အမျိုးသမီး)အသင်းနှင့် တောင်ကြီးတပ်နယ် (နယ်မြေ-၁) (အမျိုးသမီး)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်းများနှင့် အမျိုးသမီးအသင်းများက အုပ်စု ၄ စုခွဲကာ ဇူလိုင် ၁၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။