ခန္တီးမြို့ရှိ ကမ်းနားလမ်းတစ်လျှောက်တာဘောင်များအား မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်

ခန္တီးမြို့ရှိ ကမ်းနားလမ်းတစ်လျှောက်တာဘောင်များအား မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃  ဇူလိုင် - ၁၁

          စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ကမ်းနားလမ်းတစ်လျှောက်တွင် မိုးရွာသွန်းမှုများကြောင့် ကမ်းနားလမ်းတာဘောင်များ ရေတိုက်စား ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

          အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် ခန္တီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများနှင့်အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက စုပေါင်း၍ မြေဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ခန္တီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။