၂ဝ၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

၂ဝ၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၃   ဇူလိုင် ၁၁
    ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ် ဘောလုံးအားကစားကွင်း၌ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 
    ဦးစွာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် တက်ရောက် လာကြသူ များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မကွေးလေတပ်စခန်းဌာနချုပ် ဘောလုံး အသင်းနှင့် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ် ဘောလုံးအသင်းတို့ ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ 
    ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့်ဒိုင်းဆုရရှိသည့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်ဘောလုံးအသင်းတို့အား ကာကွယ် ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင် လေတပ်စခန်းဌာန ချုပ်မှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။    
အဆိုပါ ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲကို လေတပ်စခန်း ဌာနချုပ်နှင့် လေတပ်စခန်း အသီးသီးမှ ပြိုင်ပွဲဝင် အသင်း ၁၄ သင်းတို့ဖြင့် ဇွန် ၁၂ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။