အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃  ဇူလိုင် - ၁၂

      အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်တုရင် ပထမဆုံးရွှေ့ကွက်ကိုရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြ သူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။

       အဆိုပါ တိုင်းမှူးဒိုင်းစစ်တုရင်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင် ၉ သင်းဖြင့် ဇူလိုင် ၁၇ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။