ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနား နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၈)နှစ်မြောက်  တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနား နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်            

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၂             

            ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီ ကွင်း၌ ကျင်းပပြုလုပ်ရာ  အခမ်းအနားသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ တက်ရောက်ကြသည်။၊ 

    ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားကာ စစ်ရေးပြ အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်သည်။ ထို့နောက် (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည် နေ့အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊စစ်သည်၊မိသားစုများ တက်ရောက်ကြပြီး တိုင်းမှူးနှင့် တာ၀န်ရှိသူများက အရာရှိ၊စစ်သည်၊ရဲမေများ အတွက် ဝတ်စုံများ အမှတ်တရ ပေးအပ်ကာ ဝတ်စားဆင်ယင်မှုနှင့် စစ်ရေးပြ အကောင်းဆုံး ဆုရရှိသူများ၊ အိမ်ထောင်သည် လိုင်းခန်း သန့်ရှင်းရေး အကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ပြီး ဗလာမပါကံစမ်းမဲများနှိုက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။