အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိ အားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိ အားကစားကွင်းဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၁၂

      အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိအားကစားကွင်း ဖွင့်ပွဲနှင့် တိုင်းမှူးဒိုင်း  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ဇေယျသိဒ္ဓိအားကစားကွင်းသစ်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဇေယျသိဒ္ဓိအားကစားကွင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပန်းပွား အကအဖွဲ့များနှင့် ဘင်ခရာတီးဝိုင်းအဖွဲ့တို့က ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

     ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်မှု၊ မောကိန္ဒရီအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားယဉ် ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကျောင်းသူများ၏ Zumba အကဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ကျောင်းသား/ကျောင်းသူများက ပန်းဖွားအက၊ ဘင်ခရာတီးဝိုင်း တို့ဖြင့် သရုပ်ပြခြင်း၊ ကရာတေးဒိုအားကစားအဖွဲ့သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုအားကစား အဖွဲ့သရုပ်ပြခြင်း၊ မြန်မာ့သိုင်းအားကစားအဖွဲ့ သရုပ်ပြခြင်း၊ တင်းပုတ်အားကစားအဖွဲ့ သရုပ်ပြခြင်း၊ လှံစွပ်ထိုးအားကစားအဖွဲ့ သရုပ်ပြခြင်းတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

   ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပထမနေ့ပွဲစဉ်ဖြစ်သည့် လားရှိုးတပ်နယ်(က)အသင်းနှင့် လောက်ကိုင်တပ်နယ်  အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

      အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း (၈)သင်းဖြင့် အုပ်စု(၂)စုခွဲကာ ဇူလိုင် ၂၁ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ယနေ့ဖွင့်လှစ်ခဲ့သော အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်၏ ဇေယျသိဒ္ဓိအားကစား ကွင်းသည် မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းကြီးဖြစ်ပြီး ပွဲကြည့်ပရိတ်သတ် ၃၀၀၀ ဦး ကြည့်ရှုအားပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။