ကွန်ဟိန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းသည် ကွန်ဟိန်းမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆန်၊ ရွှေဖီဦး၊ ကြက်ဥများနှင့် စားသောက်ဖွယ်ရာများ အသီးသီး ချီးမြှင့်ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။