ချောင်းသာမြို့၌ အုန်းပင်စိုက်ပျိုးပွဲနှင့် ရွှေသောင်ယံမြို့၌ စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်

ချောင်းသာမြို့၌ အုန်းပင်စိုက်ပျိုးပွဲနှင့် ရွှေသောင်ယံမြို့၌ စုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင်  - ၁၃

          သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ကောင်းမွန်ပြီး မြေဆီလွှာပြုန်းတီးမှုနှင့် သဘာဝ ဘေးအန္တရာယ်များကို တားဆီးကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်   အုန်းပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အုန်းပင် ၁၀၅ ပင် အား စုပေါင်း စိုက်ပျိုးကြသည်။

ထို့နောက် ရွှေသောင်ယံမြို့၌   စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက် ပြုလုပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗြူး အုပ်ဆောင်းပင် ၂၀၀ ပင်၊ မဒမပင် ၁၀၀ ပင်၊ ဗြူးခြေထောက်အဖိုပင် ၃၀၀ ပင်၊ ဗြူးခြေ ထောက်အမပင် ၃၀၀ ပင်၊ စုစုပေါင်းဒီရေတောပင် ၉၀၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြ  ကြောင်း သတင်းရရှိသည်။