ပီအက်စ်ဂျီအသင်းက လာမည့်ရက်သတ္တပတ်အတွင်း စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိ

ပီအက်စ်ဂျီအသင်းက လာမည့်ရက်သတ္တပတ်အတွင်း စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိ

ပီအက်စ်ဂျီအသင်းက တိုက်စစ်ကစားသမား  အမ် ဘတ်ပီ၏နေရာ၌အစားထိုးရန် စပါးအသင်းတိုက်စစ် မှူး  ဟယ်ရီကိန်းကို ယူရို သန်း ၁၀၀ ဖြင့် လာမည့် ရက်သတ္တပတ်အတွင်း    ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိ ကြောင်း သိရသည်။

စပါးအသင်းနှင့် ဟယ်ရီကိန်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့်အတွက် စပါးအသင်း အနေဖြင့် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် မရောင်းချပါက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်   အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့်အတွက် မဖြစ်မနေ ရောင်းချရမည့် အရေးနှင့်     တွေ့ကြုံနေရခြင်းဖြစ်သည်။

ဟယ်ရီကိန်းကို အစောပိုင်းက  ဘိုင်ယန်မြူးနစ် အသင်းက ပြောင်းရွှေ့ကြေး ယူရို  သန်း ၆၀ ဖြင့် တစ်ကြိမ်၊ ယူရို သန်း ၈၀ ဖြင့်တစ်ကြိမ် နှစ်ကြိမ် အထိကမ်းလှမ်းခဲ့သော်လည်း စပါးအသင်းက ပယ်ချခဲ့ပြီး ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ နှင့်အထက် အလိုရှိနေခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက အသင်းနှင့်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်ငြင်းပယ်ထားသည့် အမ်ဘတ်ပီကို လက်ရှိ  ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ပြင်ဆင်ထားပြီး ၎င်း၏နေရာ၌ထိပ်တန်း ကစားသမားတစ်ဦးနှင့် အစားထိုး လိုနေသည့်အတွက် အစောပိုင်းက နာပိုလီအသင်းတိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူရန်စီစဉ်နေသော်လည်း  ယခုအခါ အိုဆီ မန်ထက် ဟယ်ရီကိန်းကိုသာ ဦးစားပေးကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပီအက်စ်ဂျီ အသင်းကလည်း စပါးအသင်းအလို ရှိနေသည့်  ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကို ပေးချေရန် အသင့်ရှိနေသည့်အတွက် လာမည့်ရက် သတ္တပတ်အတွင်း စပါးအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Ref;Onefootball