ချယ်လ်ဆီးအသင်းက ဘဏ္ဍာရေးစည်းမျဉ်းနှင့် မငြိစွန်းစေရန် လက်ရှိအပြောင်းအရွှေ့ကာလတွင် ကစားသမား ၁၀ ဦး ထပ်မံရောင်းချမည်
ချယ်လ်ဆီးအသင်းက အသင်းဘဏ္ဍာရေးစည်းမျဉ်းနှင့် မငြိစွန်းစေရန် လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် ကစားသမား ၁၀ ဦးအထိ ထပ်မံ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြအပြောင်းအလဲလေးကြိမ်အထိ ပြုလုပ်ခဲ့သကဲ့သို့ အပြောင်းအရွှေ့ကာလနှစ်ခုတွင် စတာလင်ပေါင် သန်း ၆၀၀ ကျော်အသုံးပြုပြီး ကစား သမားသစ်များခေါ်ယူခဲ့သော်လည်း ရာသီကုန်ဆုံးချိန် ဥရောပဝင်ခွင့်များနှင့်လွဲချော်ခဲ့ရသည့်အတွက် လာမည့် ဘောလုံးရာသီတွင် အသင်းဝင်ငွေများစွာ လျော့ကျ မည့်အရေးနှင့်ရင်ဆိုင်နေရသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းက အသင်းဘဏ္ဍာရေးစည်းမျဉ်းနှင့်မငြိစွန်းစေရန် အစောပိုင်းက ကန်တီ၊ ကူလီဘာလေ၊ မန်ဒီ၊ မေဆင်မောင့်၊ ကိုဗာဆစ်၊ ကိုင်ဟာဗက်၊ အက်ပလီကွီတာ၊ လော့တက်ချီအစရှိသည့် ကစားသမားများကိုရောင်းချခဲ့ပြီး စတာလင်ပေါင် ၂၁၆ သန်းအထိရှာဖွေနိုင်ခဲ့သကဲ့သို့ အငှားခေါ်ယူထား သည့် ဂျာအိုဖီးလစ်နှင့် ဇာကာရီတို့ကိုလည်း အက်သလက်တီကိုအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ထံ ပြန်လည်စေလွှတ်ခဲ့သည်။
ထို့ပြင် လက်ရှိကစားသမားအပြောင်းအရွှေ့ကာလ မပြီးဆုံးမီ လူကာကူ၊ အူဘာမီယန်း၊ ပူလီဆစ်၊ ဇီယက်၊ အိုဒွိုင်း၊ ကူကူရယ်လာ၊ မာလန်းဆား၊ အမ်ပါဒူ၊ ချာလိုဘက်နှင့် ဂယ်လာဟယ်တို့ကိုပါ ရောင်းချမည်ဖြစ် ကြောင်းသိရသည်။
Ref;Football London