ကျောက်တန်းမြို့ နယ်ရှိ မှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်

ကျောက်တန်းမြို့ နယ်ရှိ မှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်တန်းမြို့ နယ်ရှိ မှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တက်ရောက်လာကြသူများအား ငါးမျိုးများဝေငှပေး သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မှော်ဝန်းချောင်းအတွင်း သို့ ငါးမျိုးစုံကောင်ရေ ၈ သိန်းအား စိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။