ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၄

၂၀၂၃ ခုနှစ် ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် သန်လျင်တပ်နယ် အားကစားကွင်း၌ပြုလုပ်ရာ  ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကိုယ်စား သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ထိန်ဝင်းနှင့် အရာရှိ၊စစ်သည်များ ၊မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ နှင့်အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ထိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲအဖွင့်ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဩဂုတ် ၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။