ကမ္ဘာ့တန်ကြေးအကြီးဆုံးကလပ်အသင်းစာရင်းတွင် မန်စီးတီးအသင်း ပထမဆုံးအကြိမ် ထိပ်ဆုံး၌ရပ်တည်

ကမ္ဘာ့တန်ကြေးအကြီးဆုံးကလပ်အသင်းစာရင်းတွင် မန်စီးတီးအသင်း ပထမဆုံးအကြိမ် ထိပ်ဆုံး၌ရပ်တည်

လက်ရှိဘောလုံးလောက၏    ကမ္ဘာ့တန်ကြေး အကြီးဆုံးကလပ် အသင်းစာရင်းတွင် မန်စီးတီးအသင်းက ဥရောပထိပ်တန်း အသင်းကြီးများကို ကျော်ဖြတ်ပြီး အဆင့် (၁) နေရာ၌  ပထမဆုံးအကြိမ်ရပ်တည်နိုင် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက     အဓိကဆုဖလား သုံးလုံးဖြစ်သည့် အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ် ဖလားနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီးအသင်းသည် အဓိကကစားသမား ၂၂ ဦး၏ စုစုပေါင်းတန်ကြေးမှာ  စတာလင်ပေါင် ၁ ဒသမ ၁၉ ဘီလီယံအထိရှိခဲ့ပြီးနောက် ကမ္ဘာ့တန်ကြေးအကြီးဆုံး ကလပ် အသင်းစာရင်း၌ ထိပ်ဆုံးမှ ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့တန်ကြေး အကြီးဆုံးကလပ်အသင်း ၁၀ သင်း စာရင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်း ခြောက်သင်းအထိ ပါဝင်လာခဲ့ပြီး    စပိန်လာလီဂါမှ နှစ်သင်း၊ ပြင်သစ်လီဂူးဝမ်းမှ တစ်သင်းနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါမှ  တစ်သင်းပါဝင်ပြီး  စီးရီးအေကလပ်အသင်းတစ်သင်းမှ မပါဝင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့တန်ကြေး အကြီးဆုံးကလပ်အသင်း ၁၀ သင်း စာရင်းတွင်  မန်စီးတီးအသင်းနောက်၌ အာဆင်နယ် အသင်းက စတာလင်ပေါင် ၁ ဒသမ ၀၇ ဘီလီယံဖြင့် အဆင့်(၂)၊   ပီအက်စ်ဂျီအသင်းက  စတာလင်ပေါင်  ၁ ဒသမ ၀၃ ဘီလီယံဖြင့် အဆင့်(၃)၊ ရီးယဲလ်မက်ဒရစ် အသင်းက စတာလင်ပေါင် ၉၉၀ ဒသမ ၅ သန်းဖြင့် အဆင့်(၄)၊  ဘိုင်ယန်မြူးနစ်အသင်းက  စတာလင် ပေါင် ၈၉၄ ဒသမ ၅ သန်းဖြင့် အဆင့်(၅)၊ ချယ်လ်ဆီး အသင်းက စတာလင်ပေါင် ၈၈၆ ဒသမ ၇ သန်းဖြင့် အဆင့် (၆)၊ ဘာစီလိုနာအသင်းက စတာလင်ပေါင် ၈၆၅ သန်းဖြင့် အဆင့်(၇)၊ လီဗာပူးအသင်းက စတာ လင်ပေါင် ၈၄၈ ဒသမ ၈ သန်းဖြင့် အဆင့်(၈)၊ မန်ယူ အသင်းက စတာလင်ပေါင်  ၈၃၃ ဒသမ ၈ သန်းဖြင့် အဆင့်(၉)နှင့် စပါးအသင်းက စတာလင်ပေါင် ၇၅၅ ဒသမ ၃ သန်းဖြင့် အဆင့်(၁၀)နေရာ၌ ရပ်တည် ခဲ့ကြောင်း သိရသည်။

Ref;Transfermarket