နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၅

          နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပုဗ္ဗသီရိ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသော အမျိုးသားအသင်း ပုဗ္ဗသီရိတပ်နယ်(က)အသင်းနှင့် အမျိုးသမီးအသင်း ပုဗ္ဗသီရိတပ်နယ် (က)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက် ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

          အဆိုပါ ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင် (အမျိုးသား/ အမျိုးသမီး) အသင်း ၁၂ သင်းစီတို့ဖြင့် ဇူလိုင် ၇ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။