အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း တတိယနေရာရရှိ

အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း တတိယနေရာရရှိ

    ၂၀၂၃ အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဇူလိုင် ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် တစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ မြန်မာအသင်းက လေးဂိုး-နှစ်ဂိုး စုစုပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခင်ကထက်များစွာ တိုးတက်လာသည့် အင်ဒိုနီးရှားအသင်း ကစားပုံကြောင့် မြန်မာအသင်းအနေဖြင့် အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင် အနိုင်ရရှိကာ တတိယဆု ရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း   တတိယဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းတွင် ဖီးဗေ(ဂိုး)၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ ကြယ်စင်၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ပါဝင် ကစားခဲ့သည်။ မိနစ် ၃၀တွင် ယဉ်လွန်းအိမ် က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ၄၉ မိနစ်တွင် အင်ဒို နီးရှားအသင်းက ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်း  တွင် ဂိုးထပ်မသွင်းနိုင်သဖြင့် တစ်ဂိုးစီသရေ ကျခဲ့ပြီး အချိန်ပိုမကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။ ပယ်နယ်တီ ကန်သွင်းရာတွင် မြန်မာအသင်းက လေးလုံးစလုံး ဂိုးဝင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းက လေးလုံးကန်ရာတွင် နှစ်ဂိုးသာဝင်ခဲ့သဖြင့် မြန်မာအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ပယ်နယ်တီဂိုးများကို သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်းနှင့် ဖြူဖွေးတို့က ကန်သွင်းယူခဲ့သည်။