အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချ ကိရိယာ မိုးစပါး Seeder စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချ ကိရိယာ မိုးစပါး Seeder စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၇

          ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍  တိုက်ရိုက်စပါးမျိုးစေ့ချ ကိရိယာ မိုးစပါး Seeder စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့နယ်၊ အောက်ရွာကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ စက်မှု/စိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုး ရေး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူတစ်ဦးက တိုက်ရိုက်စပါးမျိုးစေ့ချ ကိရိယာ မိုးစပါး Seeder စက်ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ  စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး အဆိုပါစက်ဖြင့် သရုပ်ပြစိုက်ပျိုးသည်။ ထို့နောက် စက်မှု/ စိုက်ပျိုးရေး မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ စံပြမိုးစပါး စိုက်ကွက်တွင် လက်တွေ့စိုက်ပျိုးနေမှုများကို ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။