ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၇

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ပြုလုပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ထောက်ပံ့ငွေများပေးအပ် သည်။ ထို့ပြင် ကျောက်ဖြူမြို့နယ်ရှိ မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်အသီးသီးမှ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ရမ်းဗြဲမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာ ဝတီခန်းမ၌ ပြုလုပ်သော တတိယအကြိမ်မြောက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲသို့တက်ရောက်အမှာစကားပြောကြားပြီး ရမ်းဗြဲမြို့နယ်အတွင်းရှိ မုန်တိုင်း ရှောင်အိမ်ထောင်စုများနှင့် ဘေးသင့်အိမ်ထောင်စုတို့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သစ်တော ရွာကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။ ထို့ပြင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲ ပြုလုပ်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခင်းကျင်းပြသထားသော‌ (၇၆)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓါတ်ပုံပြပွဲ ဆောင်ရွက် ထားရှိမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။