လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံး ရရှိသည့်လိဂ်အဖြစ် ပရီးမီးယားလိဂ် ထိပ်ဆုံး၌ရပ်တည်
လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်သည့် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့တွင် ကစားသမား ရောင်းချမှုမှ ဝင်ငွေအများဆုံး ရရှိထားသည့်လိဂ်အဖြစ် ပရီးမီးယားလိဂ်က ထိပ်ဆုံး၌ရပ်တည်နေ ကြောင်း သိရသည်။
လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်မှ ချယ်လ်ဆီးအသင်းသည် ကူလီဘာ လေ၊ မန်ဒီ၊ ဝုဗ်အသင်းက နာဗက် စသည့်ကစား သမားများကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသို့ ရောင်းချခဲ့ပြီး နောက် ဝင်ငွေအများအပြားရရှိခဲ့သကဲ့သို့ တခြား အသင်းများကလည်း ကစားသမားရောင်းချမှုများ ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ကလပ်အသင်းများ အနေဖြင့် ဝင်ငွေအများအပြားရရှိခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ကစားသမားရောင်းချမှုမှ ပြောင်းရွှေ့ကြေးအများဆုံး လိဂ်အဖြစ် ပရီးမီးယားလိဂ်က စတာလင်ပေါင် ၁ ဒသမ ၀၇ ဘီလီယံအထိရရှိထားပြီး တခြားလိဂ် များထက် အသာစီးဖြင့် ထိပ်ဆုံး၌ရပ်တည်နေခြင်း ဖြစ်သည်။
လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးလိဂ် စာရင်း၌ ပရီးမီးယားလိဂ်နောက် အီတလီစီးရီးအေက စတာလင်ပေါင် ၄၁၄ ဒသမ ၅ သန်းဖြင့် ဒုတိယ နေရာ၌လည်းကောင်း၊ ဂျာမန်ဘွန်ဒက်စ်လီဂါက စတာလင်ပေါင် ၃၃၃ ဒသမ ၆ သန်းဖြင့် တတိယ နေရာ၌လည်းကောင်း၊ ပြင်သစ်လီဂူးဝမ်းက စတာ လင်ပေါင် ၂၆၃ ဒသမ ၄ သန်းဖြင့် စတုတ္ထနေရာ၌လည်းကောင်း၊ စပိန်လာလီဂါက စတာလင်ပေါင် ၂၂၇ ဒသမ ၅ သန်းဖြင့် ပဉ္စမနေရာ၌လည်းကောင်း ရပ်တည်နေပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးစာရင်းတွင်လည်း ပရီးမီးယားလိဂ်က ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရသည်။
Ref;Onefootball