လေးဝတီပညာရေးရိပ်သာတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၉
အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာတွင် နေထိုင်၍ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော တိုင်းစစ် ဌနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေး ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါ လေးဝတီပညာရေး ရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရိပ်သာဝန်းအတွင်းရှိ မိုခါ မုန်တိုင်းဒဏ်ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင် ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက် ပေးထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။