ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီး ဗိုလ်လောင်း လျှောက်လွှာများအား ၁၂-၆-၂၀၂၃ ရက်နေ့မှစ၍  တိုင်းစစ်ဌာနချုပ်များတွင်  အခမဲ့ ထုတ်ပေးလျက်ရှိရာ  ၃၁-၇-၂၀၂၃ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်  သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်း လျှောက်လွှာများအား မိမိတို့လျှောက်လွှာ ထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာ ပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊  ၀၃၆-၃၀၃၃၈) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)