ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ တတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ တတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ တတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲ ဒေသ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများအား စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီး ပေးအပ်ကြသည်။ ထို့နောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်က ရတနာတန်းဝင်ပင်ဖြစ်သည့် ကျွန်းပင်အား ဉီးဆောင် စိုက်ပျိုးပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ တတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ပင် ၇၀၂၀ ပင်တို့ကို စိုက်ပျိုးခဲ့ ကြောင်း သတင်းရရှိသည်။