ဟိုမိန်းမြို့၊ လင်းခေးမြို့နယ်၊ ကာလိမြို့၊ လဲချားမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့

ဟိုမိန်းမြို့၊ လင်းခေးမြို့နယ်၊ ကာလိမြို့၊ လဲချားမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၂

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့၊ လင်းခေးမြို့နယ်၊ ကာလိမြို့၊ လဲချား မြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း သည် တိုင်းစစ်ဌာနချုပ် ခရေရိပ်သာ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

            ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ရွှေဖီဦး၊ ကြက်ဥများနှင့် စားသောက်ဖွယ်ရာများ အသီးသီး ချီးမြှင့်ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များမှ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။