မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲပြုလုပ်

မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၂

     မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရရုံး ခန်းမ၌ ပြုလုပ်ရာ သီရိမင်္ဂလာ ဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဉာဏုတ္တရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝေဇယန္တာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ပြည်နယ်သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်  သီရိမင်္ဂလာဒေါ်လန်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။