COVID-19   ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့်Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၉    
ပြည်သူများ COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့် Mask  များအသုံးပြုနိုင်ရန် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask  များကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာချုပ်အနေဖြင့် Mask  ၂၀၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့တို့ရှိ အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသော နေရာများ၌ နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းကြသည်။    
COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask   များကို အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။