မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအုပ်စု၊ ရေပုတ်ကြီးဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရ ဆရာတော်ကြီး၏ အန္တိမဈာပနာအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၉    
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအုပ်စု၊ ရေပုတ်ကြီး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရ သက်တော် ၆၀ ၊ ဝါတော် ၄၀ ရှိ ဆရာတော်ကြီးသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။    
အဆိုပါအန္တိမဈာပနအခမ်းအနားအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်း သည့် အလှူငွေကျပ် ၁၀ သိန်းအား နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ကျော်စိုးလွင် က သွားရောက် ပေးအပ်လှူဒါန်းသည်။    
ထို့နောက် ဆရာတော်၏ ဥတုဇရုပ်ကလပ်တော်အား မီးသဂြိုလ်မည့် အမွေးနံ့သာ ခဲများဖြင့် ပြုလုပ်ထားသည့် လောင်တိုက်စင်မြင့်ပေါ်သို့ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက အစီအစဉ်အတိုင်း ပင့်ဆောင်ကာ မီးသဂြိုလ်ခဲ့ကြကြောင်းနှင့် လိုအပ်သည် များဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။