ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်၌ ရေနစ်မြုပ်နေသည့်လှေတစ်စီးပေါ်မှ လှေသားများ အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ၊  နိုဝင်ဘာ - ၉    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မလိကျွန်း၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ၌ ငါးဖမ်းလှေတစ်စီး ရေဝင်နစ်မြုပ်နေကြောင်း သတင်းအရ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးရာ နစ်မြုပ်လှေမှာ မင်းပြည့်ကျော်-၇ အမည်ရှိ ကင်းမွန်မီးထွန်းလှေဖြစ်ကြောင်း သိရှိရပြီး နစ်မြုပ်လှေပေါ်မှ လှေသား ၉ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးပြီး အဝတ်အတည်များ၊ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ လှေသားများအား မလိကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။