ခြောက်နိုင်ငံဖိတ်ခေါ် စီနီယာစကိတ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူး
ရန်ကုန် ဇူလိုင် ၂၄
အာရှ Speed Skating Technical အဖွဲ့၏ဖိတ်ခေါ်မှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင်၂၂ ရက်မှ၂၄ ရက်အထိ ကျင်းပခဲ့သော ခြောက်နိုင်ငံဖိတ်ခေါ် စီနီယာစကိတ်(Speed Skating Technical) ပြိုင်ပွဲတွင် မြန်မာစကိတ် အားကစားသမား များက ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု စကိတ်အသင်းမှ မောင်အောင်ကျော်ဇင် (Team Phoenix)က မီတာ ၅၀၀ တွင် ရွှေတစ်ခု၊ မီတာ ၁၀၀၀ တွင် ငွေတစ်ခု၊ မောင်ခင်လှိုင် (တွံတေးစကိတ်အသင်း)မှ မီတာ ၁၀၀၀ အပြေးတွင် ရွှေတစ်ခု၊ မီတာ ၅၀၀ တွင် ငွေတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင် ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။