ဘာစီလိုနာအသင်းက အသင်းခေါင်းဆောင်သစ်အဖြစ် ခံစစ်ကစားသမား ဆာဂျီရော်ဘတ်တိုနှင့် ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ဂိုးသမား တာစတီဂျန်တို့ကို ခန့်အပ်
ဘာစီလိုနာအသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အသင်း ခေါင်းဆောင်သစ်အဖြစ် ခံစစ်ကစားသမား ဆာဂျီရော်ဘတ်တိုကို အတည်ပြု ခန့်အပ်ပြီး ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ဂိုးသမား တာစတီဂျန်ကို ခန့်အပ်သည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်း ခေါင်းဆောင်အဖြစ် မက်ဆီ ထွက်ခွာပြီးနောက် ဝါရင့်ကွင်းလယ် ကစားသမား ဘက်စ်ကွက်က တာဝန်ယူပြီး ဘက်စ်ကွက်အနေဖြင့်လည်း လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ခဲ့သည့်အတွက် ယခုအခါ နည်းပြ ဇာဗီက အသင်းခေါင်းဆောင်သစ်အဖြစ် ဆာဂျီရော်ဘတ်တိုကို ခန့်အပ်ခြင်းဖြစ်သည်။
ဆာဂျီရော်ဘတ်တိုသည် ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ဘက်စ်ကွက် မပါဝင်နိုင်သည့် ပွဲစဉ်များတွင် ယာယီအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သည့်အတွက် ယခုအခါ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်း တတိယအသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်ကစားသမား ဒီဂျောင်းကို တာဝန်ပေးအပ်ပြီး စတုတ္ထအသင်း ခေါင်းဆောင်အဖြစ် ခံစစ် ကစားသမား အာရူဂျိုတို့ကို အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရသည်။