ကော်ဖီသောက်ခြင်းနှင့် ကျန်းမာရေး
နံနက်အိပ်ရာထထချင်း ကော်ဖီတစ်ခွက်သောက် တာက အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့အချိန် ကော်ဖီသောက်တာကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ဝမ်းဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်တာ ကြောင့် ရင်ပူဝေဒနာခံစားရပြီး ရင်ဘတ်အပေါ်ပိုင်းနဲ့ အလယ်ပိုင်း နေရာတွေမှာ ပူစပ်ပူလောင်နာကျင်နိုင် ပါတယ်။ကော်ဖီကြောင့် အစာအိမ်က အက်စစ်ဓာတ် တွေထွက်ရှိလာပြီး အစာအိမ်ရဲ့စံနှုန်း လျော့ကျလာ စေတဲ့အတွက် အက်စစ်ဓာတ်ပိုပြီးထွက်ရှိစေတယ်။ ကော်ဖီထဲနွားနို့ ထည့်သောက်ရင် ဒါမှမဟုတ် ကော်ဖီမသောက်ခင် ဝမ်းဗိုက်ထဲမှာအစာရှိနေရင် အစာအိမ် ရဲ့စံနှုန်းအဆင့်က လျော့ကျသွားမှာမဟုတ်ပါဘူး။ စံနှုန်းအနည်းငယ်လျော့ကျတာက အစာအိမ်အတွက် ပြဿနာမဟုတ်ပေမယ့် အစာရေမျိုပြွန် အမြှေးပါးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ကော်ဖီမှာ ကော်တီစုန်း(Cortisone) ဓာတ်ပါဝင်တာကြောင့် လန်းဆန်းတက်ကြွမှုရှိအောင် ကူညီပေးတယ်။ နံနက်အိပ်ရာထထချင်း ကော်ဖီသောက်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်တယ်။ လေ့လာမှု တွေအရ အိပ်ရာကထပြီး တစ်နာရီအတွင်းမှာ ခန္ဓာကိုယ်ကနေ ကော်တီစုန်းဓာတ်ထုတ်လုပ်မှု အများဆုံး အချိန်ဖြစ်တယ်။ ကော်တီစုန်းဓာတ်က လန်းဆန်းမှုရှိအောင် ကူညီပေးတယ်။ ကော်ဖီမှာပါတဲ့ ကဖင်း ဓာတ်က ကော်တီစုန်းဓာတ်ပမာဏကို မြင့်မားစေတယ်။ ခန္ဓာကိုယ်မှာ ကော်တီစုန်းဓာတ်အများဆုံးရှိနေပြီ
ဖြစ်တဲ့ နံနက်ပိုင်းအိပ်ရာထခါစအချိန်မှာ ကဖင်းဓာတ် ပါဝင်တဲ့ကော်ဖီကို သောက်လိုက်တာကြောင့် ခန္ဓာ ကိုယ်ကနေ ကော်တီစုန်းဓာတ်ကို လျော့ထုတ်လိုက် အောင် ပြုလုပ်သလိုဖြစ်သွားတယ်။ ဒါ့ပြင် ကော်ဖီကို ခံနိုင်ရည်ရှိသွားပြီး တက်ကြွမှုရရှိစေဖို့ ကော်ဖီကို သောက်နေကျပမာဏထက် ပိုပြီးသောက်ရနိုင်ပါတယ်။
ကော်ဖီသောက်ပြီး ကျန်းမာရေးအတွက် မျှတတဲ့ အစားအစာကို စားသုံးတာက အူမကြီးကို လှုံ့ဆော်နိုင်ပြီး ဝမ်းမှန်စေတယ်။ ဝမ်းဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်မိရင် ချက်ချင်းဝမ်းသွားချင်လာပြီး ဝမ်းမထိန်းနိုင်ဖြစ်တတ်ပါတယ်။
အိပ်ရာထပြီး အနည်းဆုံးတစ်နာရီကြာမှသာ ကော်ဖီသောက်ဖို့ အကြံပြုထားတယ်။ အစာရေမျိုပြွန် ထိခိုက်မှုမရှိအောင် ဘလက်ကော်ဖီမသောက်ဘဲ နွားနို့နဲ့ရောပြီး သောက်သုံးသင့်ပါတယ်။
အိပ်ရာထခါစမှာ စိတ်မလန်းဆန်းရင် အိပ်ရေးမဝတာကြောင့်ဖြစ်နိုင်သလို ရေဓာတ်ချို့တဲ့နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အိပ်ရာထထချင်း ရေတစ်ဖန်ခွက်သောက်တာက စွမ်းအင်အပြည့်နဲ့ နိုးထလာသလို ဖြစ်စေနိုင်ပါတယ်။
ရေနွေးနဲ့ရှောက်ရည်သောက်တာကလည်း ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့အတွက် အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါတယ်။
နံနက်နဲ့ မွန်းတည့်မတိုင်မီ သောက်တဲ့ကော်ဖီက ကျန်းမာရေးကို အကျိုးပြုပါတယ်။ ကော်ဖီကို စိတ်လန်းဆန်းစေဖို့၊ စိတ်ခံစားမှုကောင်းစေဖို့၊ လေ့ကျင့်ခန်းလုပ်ရင် ခံနိုင်ရည်ရှိစေဖို့၊ အဆုတ်လမ်းကြောင်း ကျယ်စေဖို့ သောက်သုံးကြပါတယ်။ ကော်ဖီကို ရင်ကျပ် ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အအေးမိခြင်းတို့အတွက် သောက်ကြပြီး အိုပီယမ် (ဥစငကာ) အဆိပ်မိခြင်းအတွက် ဖြေဆေးအနေနဲ့ အသုံးပြုကြပါတယ်။
ဘယ်ဆေးကုသမှုမှာမဆို အစားအသောက်စားချင် စိတ်ကို လှုံ့ဆော်ဖို့နဲ့ အစာခြေခြင်းစနစ်ကိုကောင်းစေဖို့ ကော်ဖီကိုအသုံးပြုကြတယ်။ ကော်ဖီက နှာခေါင်း သွေးလျှံခြင်းကိုသက်သာစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ ပါကင်ဆန်ရောဂါနဲ့ သည်းခြေကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
လူတွေက စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်တာကို သက်သာစေဖို့နဲ့ စိတ်လန်းဆန်းစေဖို့ ကော်ဖီသောက်သုံး ကြတယ်။ ကော်ဖီကို ပါကင်ဆန်ရောဂါ၊ သည်းခြေ ကျောက်တည်ခြင်း၊ အမျိုးအစား(၂)ဆီးချိုရောဂါ၊ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သား ကင်ဆာဖြစ်ပွားမှုတို့ကိုကာကွယ်ဖို့လည်း အသုံးပြုပါ တယ်။ တခြားအသုံးဝင်မှုအနေနဲ့ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်းနဲ့ အဝလွန်ခြင်းကုသရာမှာလည်း အသုံးပြုပါတယ်။
ကော်ဖီမှာပါတဲ့ ခါးသက်တဲ့ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို အကျိုးသက်ရောက်မှု များစွာ ရှိပါတယ်။ ပင်မအာရုံကြောမကို လှုံ့ဆော်ခြင်း အာနိသင်တွေရှိတဲ့အတွက် ကော်ဖီသောက်ခြင်းက ပိုမိုလန်းဆန်းတက်ကြစေပြီး အားအင်တက်စေပါတယ်။
ကျန်းမာရေးကြောင့် ဆေးဝါးမှီဝဲနေရသူတွေအနေ နဲ့ ကော်ဖီများများသောက်သုံးလို့ မဖြစ်ပါဘူး။ ဖြစ်နိုင်ရင် မွန်းတည့် ၁၂ နာရီနောက်ပိုင်း ကော်ဖီမသောက်သင့်ပါဘူး။ ကော်ဖီကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသင့်ပါတယ်။ ကော်ဖီကို နှစ်အတော်ကြာ စွဲသောက်သူတွေမှာ ကော်ဖီဖြတ်လိုက်တဲ့အခါ ဆေး ဖြတ်ရင်ဖြစ်တတ်တဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဆေးဖက်ဝင်အပင်တွေ (ကော်ဖီ)အသုံးပြုတဲ့အခါ မှာ ဓာတုဆေးဝါးတွေအသုံးပြုတာထက် လိုက်နာရ မယ့်စည်းကမ်းနည်းပါတယ်။
တစ်နေ့ကို ကော်ဖီတစ်ခွက်၊ နှစ်ခွက်သောက်သုံး ခြင်းက နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် သင့်လျော်ပါတယ်။ ကဖင်းဓာတ်ပမာဏများများသောက်မိရင် ကလေးငယ်ရဲ့ အစာလမ်းကြောင်း နာကျင်စေပြီး အိပ်မပျော်ခြင်းနဲ့ စိတ်ဆတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ကလေးတွေအတွက် ကဖင်းဓာတ်ပါတဲ့ကော်ဖီပမာဏ များများသောက်ဖို့ စိတ်မချရပါဘူး။ ကဖင်းဓာတ်ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ကလေးမှာ ပိုမိုပြင်းထန်လေ့ရှိပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က စိုးရိမ်ပူပန်စိတ်ကို ပိုဆိုးစေတယ်။ ကော်ဖီက သွေးရောဂါတွေကို ပိုဆိုးစေတယ်။
စစ်မထားတဲ့ကော်ဖီကို သောက်သုံးခြင်းက သွေးထဲမှာ ကိုလက်စထရောနဲ့ တခြားအဆီတွေကို ပိုစေတယ်။ သွေးထဲရှိ ဟိုမိုစစ်စတင်းဓာတ်ကို မြင့်တက်စေပြီး အဲဒီအချက်က နှလုံးရောဂါဖြစ်နိုင်ခြေတိုးစေတယ်။ မိမိမှာဆီးချိုရှိရင် ကဖင်းဓာတ်ပါတဲ့ကော်ဖီတွေကို သတိထားသောက်သုံးသင့်ပါတယ်။ သွေးတွင်းရှိ သကြားဓာတ်ကို အမြဲစစ်ဆေးသင့်ပါတယ်။
ကော်ဖီထဲရှိ ကဖင်းဓာတ်က ပမာဏများများသောက်ရင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနဲ့ အူလမ်း ကြောင်းရောဂါကို ပိုဆိုးစေတယ်။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီကိုသောက်တာက သွေးတိုးရောဂါရှိတဲ့ သူတွေမှာ သွေးပေါင်ချိန်ပိုတက်စေနိုင်တယ်။ ကော်ဖီပုံမှန်သောက်နေတဲ့သူတွေမှာတော့ သွေးပေါင်ချိန်တက်တာ ဖြစ်နိုင်ခြေနည်းပါတယ်။
လူအများစုက ကော်ဖီကို နှစ်ခွက်ကနေ လေးခွက် အထိသောက်နေပေမယ့် ကဖင်းဓာတ်နည်းရင်ပြဿနာ သိပ်မရှိဘူး။ ကဖင်းဓာတ်များရင် လက်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ညဘက်အိပ်ပျော်ဖို့ခက်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ရင် တုန်ခြင်း၊ နှလုံးခုန်သံမမှန်ခြင်း၊ ရေဓာတ်ခန်းခြောက် ခြင်း၊ တဖြည်းဖြည်းကော်ဖီစွဲပြီး ပိုမိုသောက်သုံးခြင်းတို့ဖြစ်နိုင်ပါတယ်။ အသုံးပြုတဲ့လူတိုင်း ဘေးထွက် ဆိုးကျိုးရှိနေနိုင်တယ်။ ဘေးထွက်ဆိုးကျိုးကိုစိတ်ပူရင် မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကော်ဖီမစ် ထုပ်မှာ အနံ့ထည့်သွင်းထားလို့ ဓာတုဗေဒအဆိပ်သင့်နိုင်တယ်။
ကော်ဖီက ဆေးဝါးနဲ့ ဓာတ်ပြုနိုင်ခြေရှိတယ်။
ကော်ဖီနဲ့ဆေးဝါး တွဲဖက်မသောက်သုံးသင့်ပါဘူး။ ဖော်ပြခဲ့တဲ့အချက်အလက်တွေက ဆေးပညာဆိုင်ရာ အကြံပြုချက်မဟုတ်လို့ အသုံးမပြုခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေး နွေးသင့်တယ်။ နေ့စဉ် ကော်ဖီ တစ်ခွက်၊ နှစ်ခွက် သောက်သုံးလို့ရပါတယ်။
အရွယ်ရောက်သူတစ်ယောက်က တစ်နေ့ကို ကော်ဖီ ၂ အောင်စကနေ ၈ အောင်စအထိ သောက်သုံးလို့ရတယ်။ ကော်ဖီခွက် ၁၀၀ သောက်ရင် အသက်သေဆုံးနိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပမာဏမတူနိုင်ပါဘူး။ ဆေးဝါးသောက်သုံးနေသူတွေက ကော်ဖီနဲ့ဓာတ်မတည့်မှု ရှိ၊ မရှိ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ကော်ဖီက ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေလို့ ချင့်ချိန်သောက်သုံးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်