မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သဘောထား ထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
၁။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမများအား အကြမ်းဖက်သမားများနှင့် မသမာသူအချို့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဖြစ်သူ ဦးသိန်းဦးအား အပြစ်မဲ့ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
၂။ ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်သမားများနှင့် မသမာသူအချို့သည် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ ဆရာ၊ ဆရာမများအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး ပညာမဲ့သူများဖြစ်စေရေး မသမာသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ဆောင်ရွက်လျက်ရှိသည်။
၃။ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေသည့် ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၇ ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့် ဒုတိယဦးစီးမှူးဖြစ်သူ ဦးသိန်းဦး သတ်ဖြတ်ခြင်း ခံရမှုအား မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း