မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက်

(၂၆.၇.၂၀၂၃)

၁။  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင်  တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် အသက် ၁၁ နှစ်အရွယ် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့အား PDFအမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် အဆိုပါကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ လာရောက်သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား PDFအမည်ခံ အကြမ်းဖက်သမားများက ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

၂။    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)