မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်

၁။      တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၇ ဦးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၂၀ ရက်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့်  ဇူလိုင် ၂၂ ရက်တွင် အဆိုပါကျောင်းသို့ စိုက်ပျိုးရေး ပညာရပ်များ သင်ကြားပို့ချ ပေးနေသော လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးအားလည်း PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ် လုပ်ကြံသွားကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ်  ကြားသိရပါသည်။

၂။      အဆိုပါလုပ်ရပ်သည် စစ်ရေးနှင့် မသက်ဆိုင်သော နိုင်ငံ့ဝန်ထမ်း များကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းသည် လူသားမဆန်သော လုပ်ရပ်များဖြစ်သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်မှ ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်