ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းမှ သဘောထား ထုတ်ပြန်ချက်
(၂၆.၇.၂၀၂၃)
၁။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏သားဖြစ်သူ အပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦး တို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၂၀ ရက်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းနှင့် ဇူလိုင် ၂၂ ရက် တွင် အဆိုပါကျောင်းသို့ စိုက်ပျိုးရေး ပညာရပ်များ သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
၂။ ယခုကဲ့သို့ နိုင်ငံ့သားကောင်း ရတနာ၊ သမီးကောင်းရတနာများကို ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ၎င်းတို့အား အားပေးထောက်ခံခြင်း မရှိသူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းအပေါ် မိမိတို့ ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေး အသင်းမှ လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်း