မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်
သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်
၁။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၇ ဦးတို့အား ဏီၤ အမည်ခ ံအကြမ်းဖက်သမားများက ဇူလိုင် ၂၀ ရက်တွင် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် အဆိုပါကျောင်းသို့ စိုက်ပျိုးရေး ပညာရပ်များ သင်ကြားပို့ချပေးနေသော လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးအားလည်း PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ် လုပ်ကြံသွားကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်