မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်

၁။      တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်)မှကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏သားဖြစ်သူအပါအဝင် ဆရာ၊ ဆရာမ ၅ ဦး စုစုပေါင်း ၇ ဦးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၂၀ ရက်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် အဆိုပါကျောင်းသို့ စိုက်ပျိုးရေးပညာရပ်များ သင်ကြားပို့ချပေးနေသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးအား PDF  အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

၂။      အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။      

 မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး